တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၆)

| |


၁၅။ ကံမွဲမပြောင် ကံမဆောင်လျှင်

ကံမွဲမပြောင်၊ ကံမဆောင်လျှင်၊

ဂုဏ်ရောင် မလှ၊ မထွန်းပဘူး၊

ဒုက္ခ လူ့ဘောင်၊ ဆင်းရဲခေါင်လိမ့်။

အကျိုးပေးနေတဲ့ ကုသိုလ်ကံတွေက အားမရှိတော့လို့ အထက်မြှင့်တင်ပေးနိုင်တဲ့ စွမ်းအင်တွေမရှိကြတော့ဘူးဆိုလျှင် ဂုဏ်ရောင်တွေလည်း မလှတော့ဘူး။ တဖြည်းဖြည်းကျဆင်းသွားပြီ။
တချို့ပုဂ္ဂိုလ်တွေဆိုလျှင် အတိက်က ကုသိုလ်ကံအရှိန်အ၀ါကြောင့် လူလာဖြစ်ရသော်လည်း ဒီကုသိုလ်ကံ အရှိန်အ၀ါတွေက လျှော့သွားပြီဆိုလျှင် အသက်အရွယ်ကြီးရင့်တဲ့ အချိန်အခါကျမှ စီးပွားရေး သားရေး သမီးရေး ကျန်းမာရေးတွေ အစစ အရာရာအားလုံးအဆင်မပြေဖြစ်သွားကြတယ်။ တောက်ပြောင်နေတဲ့ ဂုဏ်အရှိန်အ၀ါတွေဟာ အကုန်လုံးပျက်စီးသွားတတ်တယ်။
ဒါကြောင့် - - -
ကျင့်ဆောင်မယုတ်၊ စောင့်ကိုယ်နှုတ်နှင့်၊

ဥပုသ် ဗြဟ္မ၊ စရိယလည်း၊

အမြဲယှဉ်လော့။

ဖဲကြဉ်စေတနာ၊ တစ်ညစာဖြင့်၊

အင်္ဂါမပျက်၊ နေ့တစ်ဝက်မျှ၊

ကျိုးစက်လွန်အောင်၊ မင်းဖြစ်ဆောင်၏။

ကာယကံ စင်ကြယ်မှုရှိအောင် ၀စီကံ စင်ကြယ်မှုရှိအောင် မနောကံ စင်ကြယ်မှုရှိအောင်ဖြည့်ကျင့်ပါ။
ဥပုသ်-သီတင်းကျင့်သုံးပါ။ သာသန ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယ ခေါ်တဲ့ မွန်မြတ်သော သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင်ဖြည့်ကျင့်သင့်ပါတယ်။ နေ့တစ်ဝက် မျှ စောင့်သုံးအပ်တဲ့ ဥပုသ်သီလ ကသော်လည်း မင်းဖြစ်အောင် ပို့ဆောင်ပေးနိုင်တဲ့ သဘောရှိပါတယ်။

0 comments:

Post a Comment