တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

ွှအရင်တုန်းက ဒို့မြန်ပြည် . . . . .

| | 0 comments

Photo

မရောင့်ရဲနိုင်သမျှတော့ . . . . . .

| | 0 comments


သင့်ရဲ့ ကိုယ်မှာ တွယ်တာတပ်မက် နှစ်သက်ဖွယ်ရာ တန်ဘိုးရှိတဲ့ အနှစ်အရာသာကိုရှာကြည့် လိုက်စမ်းပါ။ ဘာမှမရှိဘူး-ဟုတ်တယ် ဘာဆိုဘာမှကို မရှိပါဘူး။
ပုတ်နေတဲ့အကောင်မှာ ယုတ်နေတဲ့စိတ်ထားတွေပြန်ပြီး မွမ်းမမံလိုက်ပြန်မယ်ဆိုရင် သင်ဟာ ဆက်စုတ်ရွံဖွယ်ရာအပြည့် မုန်းစရာအတိ သုံးစရာဘာမျှမရှိတဲ့ လူသားဖြစ်တော့မပေါ့။
ဒါကြောင့် သင့်ဘဝအသွင်ကို အလှဆင်ဖို့ရာ(သို့) အပုတ် အစပ်မှ အမြုပ်ထပ် အမြတ်ထုတ်နိုင် ဖို့ အတွက် ကုသိုလ်ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးကြရအောင်။
ကျွန်ုပ်တို့ လိုချင်လှပါပြီဆိုတဲ့ ကာမဂုဏ်တရားတွေဟာ တကယ်ရလာပြီဆိုရင်လဲ ဘာကြောင့် ကျွန်ုပ်တို့ ငြီးငွေ့ကြပြန်တာလဲ။ မမြဲ၊ ဆင်းရဲ တရားတွေဖြစ်နေလို့ပါ။ ငြီးငွေ့တယ်ဆိုတာလဲ တကယ်ငြီးငွေ့တာတော့ မဟုတ်ပါဘူး အသစ်အသစ် တွေ ပြန်ပြီးလိုချင်နေကြပြန်ရော ပြည့်စုံ တယ်လို့ကို မရှိတော့ပါဘူး။
ဒါကြောင့် မြတ်ဘုရားက သန္တုဋ္ဌီ ပရမံ ဓနံ=ရောင့်ရဲခြင်းသည် အမြတ်ဆုံး ချမ်းသာ တဲ့၊ မရောင့်ရဲနိုင်သမျှတော့ ဆင်ရဲရတော့ တာပေါ့။


ကျန်းမာပါစေ/၏

မဖြစ်နိုင်ဘူး ဖြစ်နိုင်တယ်

| | 0 comments


ငယ်ငယ်စာသင်သားဘဝ မုံရွာ ပဇ္ဇောမြေမှာ (၁၃)နှစ် စာပေသင်ယူစဉ်က ညဉ့်ဦးယာမ် သြ၀ါဒဖြစ်တဲ့ ဆရာသမားများရဲ့ အဆုံးအမ သင်ကြားပေး မှုလေးတွေပြန်တွေးကြည့်လိုက်တော
မောင်ရင်တို့ နောက်လိုက်ကောင်းတယောက်ဖြစ်ခဲ့မှခေါင်းဆောင်ကောင်းတယောက်ဖြစ်
နိုင်တယ်။ နောက်လိုက်ကောင်းတစ်ယောက် မဖြစ်ခဲ့ရင် ခေါင်းဆောင်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။
တပည့်ကောင်းတယောက်ဖြစ်ခဲ့မှ ဆရာကောင်းတယောက်ဖြစ်နိုင်တယ်။တပည့်ကောင်းတစ်ယောက်မဖြစ်ခဲ့ရင် ခေါင်းဆောင်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူး။
သား သမီးကောင်းတယောက်ဖြစ်ခဲ့မှ မိဘကောင်းတယောက်ဖြစ်နိုင်တယ်။ သားသမီးကောင်းတစ်ယောက်မဖြစ်ခဲ့ရင် မိဘကောင်းတစ်ယောက်မဖြစ်နိုင်ဘူး
တဲ့ မျိုးဆက်သစ်တို့ အတွက် သတိပြုစေဖို့ အသိပေးရခြင်းပါ။
           
                                                                               ကျန်းမာပါစေ/၏

သင် ဘယ်လိုလူလဲ?

| | 0 comments


လူရယ်လို့ဖြစ်လာရင်-
၁။ လူပီသဖို့လိုအပ်တယ်။
၂။ လူ့စိတ်ထားရှိဖို့လိုအပ်တယ်။
၃။ လူ့ထက် မြင့်မြတ်တဲ့ လူသားဖြစ်ဖို့လိုအပ်တယ်။
အနဲဆုံး လူပီသသူဖြစ်အောင်လုပ်နိုင်ရမယ်။ လူ့စိတ်ထားရှိအောင်လုပ်နီုင်ရင် ပိုကောင်းတာပေါ့။
လူ့ထက်မြင့်မြတ်တဲ့လူသားဖြစ်အောင်လုပ်နိုင်ရင်တော့ အတိုင်းထက်အလွန် ပိုကောင်းတာပေါ့။
ကဲ ဒီတော့
လူပီသဖို့ (၅)ပါးသီလ(စည်းကမ်းကောင်းရင်)နဲ့ လူ့ဘဝသရုပ်ကိုဖေါ်ထုတ်ရမယ်။
လူ့စိတ်ထားရှိဖို့ ကတော့ စိတ်အေးအောင်ထားနိုင်ဖို့လိုအပ်တယ်-လေ့ကျင့်ခန်းပေါင်း(၄၀)ထဲက       ခု အာနာပါန=ဝင်လေ ထွက်လေကိုသိတဲ့ အလုပ်နဲ့စိတ်ကို ထိန်းကြည့်တာပေါ့။ အသက်ရှင်ဖို့ ရှူနေတဲ့ ဒီလေလေး ထိတဲ့နေရာကနေ လာထိတဲ့လေကို စောင့်ကြည့်ရမှာပါ။ ဝင်တာဘဲဖြစ်စေထွက်တာဘဲဖြစ် စေ လေလို့သိနေဖို့၊ မမှတ်ဘဲ မနေနိုင်ရင်တော့ ဝင်လေ ထွက်လေလို့မှတ်တာပေါ့၊ အဲလို ဝင်လေ ထွက်လေ လို့မှတ်နေရင်နဲ့ တခါတရံ ဝင်ငွေ ထွက်ငွေတွေရောက်လာတတ် တယ်၊ စွဲစိတ်တွေက အရမ်းများခဲ့ကြတယ်လေ၊ အလုပ်စွဲတယ်၊ မိသားစုစွဲတယ် စသည် စသည် စွဲတာတွေ စွဲစရာတွေက စိတ်ထဲမှာပေါ်လာတတ်တယ်၊ အဲလိုပေါ်လာတဲ့ ရေတွက်တဲ့နည်းစနစ် လေးနဲ့ စထိန်းကြည့်တာပေါ့။ ဝင်လေ ထွက်လေ (၁)စုံကို တစ်၊ စသည်ဖြင့် တစ်ကနေ ရှစ် ထိ (၃)မိနစ်ဝင်းကျင်လောက်ရေတွက်လိုက်ရင်တော့ စိတ်ငြိမ်သွားတတ်ပါတယ်။ (အာနာပါနရှုပုံစနစ်ကို နောက်များမှ အကျယ်ရေးပါမယ်)။
ဒီလိုရှတဲ့နေရာမှာ မမေ့တာက သတိ၊ မမေ့ရမှာက ဝင်လေ ထွက်လေ၊ မေ့ရမှာက အားလုံးပါ။
နောက် လူထက်မြင့်မြတ်တဲ့ လူသားဖြစ်ဖို့ကတော့ ဈာန်တရား မဂ် ဖိုလ်တရာတို့ကိုရအောင် ကြီုးစားရပါမယ်။

ကျန်းမာပါစေ/၏