တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၇)

| |


၁၈။ အသွင်ချင်းတူသော်လည်းအနှစ်သာရချင်းမတူ
ဇနီးမောင်နှံ နှစ်ဦးက သဒ္ဓါတရားချင်းလည်းတူတယ်၊ ကိုယ်ကျင့်သီလချင်းလည်းတူတယ်၊ပေးကမ်းစွန့်ကြဲခြင်း စာဂ တရားချင်းလည်း တူတယ်။ ဒါယကာကြီးကလှူလျှင် ဒါယိကာမကြီးက ကြည် ဖြူတယ်။ ဒါယိ ကာမကြီးက လှူလျှင် ဒါယကာကြီးကကြည်ဖြူတယ် ပညာချင်းကြည့်လိုက်ပြန် တော့လည်း ၀ိပဿနာပညာ မဂ်ပညာ ဖိုလ် ပညာ ချင်းလည်း အားလုးံတူညီနေကြတယ်။အဲဒီလို တူညီခဲ့မယ်ဆိုလျှင်တော့  ဒီဘ၀မှာလည်း အချင်းချင်းတွေ့ မြင်နိုင်တယ်။ နောင်သံသရာအဆက်ဆက်မှာလည်း အချင်းချင်တွေ့မြင်နိုင်ကြ တယ်လို့ ဒီလို နည်းပေးတယ်၊ ဘာကြောင့်လဲ? ဒီသူတော်ကောင်းတွေကတော့ ခုနကတဏှာဖြင့်ရစ်ပတ်နှောင်ဖွဲ့ထားတာမဟုတ်ဘူးလား လို့ မေးစရာရှိတယ်။ တဖက်ကနေကြည့်လျှင်တော့တဏှာဖြင့် ရစ်ပတ်နှောင်ဖွဲ့တယ်ဆိုတဲ့သဘောတရား   ရှိတန် သလောက်ရှိသော်လည်း အားမကောင်းပါဘူး။ ဒီသူတော်ကောင်းတွေက တစ်နိဗ္ဗာန်ရရှိရေးအတွက် တစ်ဦးက ၀ိုင်းပြီးတော့ ပါရမီဖြည့်ပေးချင်တဲ ကုသိုလ်ဆန္ဒဓာတ်တွေ သူတို့မှာကိန်းဝပ်နေပါတယ်။ တစ်ဦးကောင်းစား ရေး အတွက် တစ်ဦးကလိုလားတောင့်တနေတဲ့ စိတ်ထားသာဖြစ်တယ်။    ကာမဂုဏ် ခံစားဖို့ဆိုတဲ့ဦးတည်ချက်ဖြင့် သူတို့က တွေ့မြင်လိုကြတာမဟုတ်ဘူး။


၁၉။ ဗြဟ္မစိုရ်မျက်ဝန်းဖြင့်သာ ကြည့်ရှုပါ
တစ်ဦးအပေါ် တစ်ဦးက မျက်မှောက် မျက်ကွယ် နှစ်သွယ်လုံးမှာ ကာယကံမေတ္တာ၊ ၀ိစီကံ မေတ္တာ၊ မနောကံ မေတ္တာ ထားရှိဖို့လိုအပ်ပါတယ်။ အဲဒီလို မေတ္တာဓာတ်တွေခြံရံပြီးတော့ နောက်တနည်းအားဖြင့် ပြောရ လျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်ဓာတ်တွေခြံရံပွားများပြီးတော့ ညီညီညွတ်ညွတ်ဆောင် ရွက်တတ်ဖို့လိုပါတယ်။
တစ်ဦးကိုတစ်ဦး ချင်ခင်တဲ့ မေတ္တာ၊ ကြင်နာသနားတဲ့ ကရုဏာ၊ ၀မ်းမြောက်တဲ့ မုဒိတာ၊ တစ်ဦးရဲ့ ကံကြမ္မာကို နားလည်တဲ့ ဥပေက္ခာ မျက်လုံးနှင့်ကြည့်တတ်ဖို့လိုပါတယ်။  တစ်ဦးကိုတစ်ဦး ချစ်ခင်စရာ သတ္တ ၀ါအဖြစ်၊ ကြင်နာသနားစရာ သတ္တ၀ါအဖြစ်၊၀မ်းမြောက်စရာ သတ္တ၀ါအဖြစ်၊ ကံအားလျှော်စွာ ကောင်း/ဆိုး ကျိုး ကိုခံစားနေရတဲ့ သတ္တ၀ါအဖြစ် မြင်တတ်ရမယ်။ ဒီလို ကံအားလျော်စွာ ကောင်း/ဆိုးကျီုး ခံစားနေရတဲ့ သတ္တ၀ါ အဖြစ် မြင်ခြင်းကိုပဲ ဥပေက္ခာ ဗြဟ္မစိုရ်မျက်လုံးနှင့်ကြည့်ခြင်းလို့ဆိုလိုပါတယ်။                     
အဲဒီလိုမှမေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာလို့ခေါ်တဲ့ ဗြဟ္မစိုရ်မျက်လုံးတွေနဲ့ တစ်ဦးကိုတစ်ဦး မကြည့် ပဲ ကိုယ်ကြည့်နေကျမျက်လုံး ကိုယ်ကြည့်ချင်တဲ့ မျက်လုံး၊ အိမ်မှာကြည့်တဲ့ မျက်လုံး၊ ဟိုမှာ ကြည့်တဲ့  မျက်လုံး၊ ဒီမှာ ကြည့်တဲ့ မျက်လုံး၊ အဲဒီလို မျက်လုံးအမျီုးမျိုးတွေနဲ့ ကြည့်ပြီးတော့ ဆက်ဆံကြမယ်ဆိုရင်တော့ သာသနာ လုပ်ငန်းတွေဟာ အောင်မြင့်မယ်လို့မထင်ပါဘူး။                      
 ဒါကြောင့် မေတ္တာတရားပွားများသင့်တဲ့ သတ္တ၀ါအပေါ်မှာ မေတ္တာ၊ ကရုဏာတရားပွားများသင့်တဲ့ သတ္တ၀ါအပေါ်မှာ ကရုဏာ၊ မုဒိတာတရားပွားများသင့်တဲ့ သတ္တ၀ါအပေါ်မှာ မုဒိတာ တရားမျက်လုံးနဲ့ကြည့်ပြီး တော့ လုပ်ငန်းတွေကို ဆောင်ရွက်ပြီးနေထိုင် သွားကြဖို့လိုအပ်ပါတယ်။

0 comments:

Post a Comment