တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မျောက်သနားမှ ကျားချမ်းသာမယ်(ဗီဒီယို)

| | 0 comments

အရင်ကကြားဘူးတာက ကျားသနားမှ နွားချမ်းသာမယ်တဲ့
အခုတော့ မျောက်သနားမှ ကျားချမ်းသာမယ် လို့ပြောင်းပြောရမလိုပါလား

                                           ဪ မျောက်နဲ့တွေ့မှ ကျားတွေလည်း လက်မျှောက်သွားရတယ်။

ဘ၀င်မြင့်လျှင် စိတ်တိုင်းမကျတတ်ပါ

| | 0 comments



ိုဘ၀င်မြင့်နေလျှင် စိတ်တိုင်းမကျတတ်ပါ


စိတ်တိုင်းမကျခြင်းသည် 
ဘ၀င်လေပင့်ထားသောကြောင့်ပင်
ကိုယ်တွင်း၏ ဘ၀င်လေ မငြိမ်သက်က
စိတ်သည်လည်း ကျက်စားရာ အာရုံပေါ်သို့ 
မကျရောက်တတ်ပြီ။

ထိုအခါ
တဖက်အာရုံတို့၏ ပြကွက်ကို ရှုစားရာ၌လည်း
မည်သည့်အခါမျှ စိတ်တိုင်းကျလိမ့်မည် မဟုတ်ချေ။

တဖန်
ဘ၀င်မြင့်လျှင် မာနကြီးလာတတ်၏၊
ထိုမာနတို့သည် မည့်သည့်အာရုံကိုမျှ
မိမိနှင့်တန်သည် မထင်တော့သဖြင့်
စိတ်တိုင်းကျမည်ကား မဟုတ်တော့ချေ။

အကယ်တိတိ
သင် စိတ်တိုင်းကျဖြစ်လိုသော်
သင့် ဘ၀င်မြင့်စိတ်ကို နှိမ့်ချလိုက်ပါလေ။

ဘ၀င်မြင့်လျှင်-ရုးတတ်သည်၊
အပင်မြင့်ကြည့်က-မူးတတ်သည်။

ဘ၀င်မြင့်နေလျှင် စိတိုင်းမကျ

| | 0 comments

လုပ်ချင်ရာမလုပ်နှင့် ရှုပ်လိမ့်မည်

| | 0 comments




                                        လုပ်ချင်ရာမလုပ်နှင့်  ရှုပ်လိမ့်မည်

လုပ်ချင်တိုင်းလည်း မလုပ်လေနှင့်
အလုပ်နောက် အရှုပ်ရောက်တတ်သည်။

မလုပ်ချင်ဘဲနှင့် မလုပ်လေနှင့်
အလုပ်နောက် အပုတ်ရောက်တတ်သည်။

မသိဘဲနှင့်လည်း မလုပ်လေနှင့်
အလုပ်နောက် အဟုတ်သောက်တတ်သည်။

အကြင်သူသည်ကား
လုပ်ချင်သည်ကိုလည်းကောင်း
မလုပ်ချင်သည်ကိုလည်းကောင်း
မသိသည်ကိုလည်းကောင်း
ပယ်စွန့်လျှက်
မိမိလုပ်ရမည့် ကိစ္စကိုသာ 
တစိုက် မတ်မတ် အားသွန်ယက်၍လုပ်တတ်ချေ၏။

ထိုသူသည်သာ
အကောင်း အဆိုး အကြောင်း အကျိုးတို့ကို
တိတိပပ တွေ့မြင်ရလျှက် လုပ်ရချေသောကြောင့်
အကောင်းဆုံးကို သုံးဆောင် ခံစားရချေ၏။

လာတုန်းမို့ လက်ခံ ပြန်လိုကပြန်ပါ

| | 0 comments




လာတုန်းမို့ လက်ခံ ပြန်လိုကပြန်

ငါမရှိမဖြစ်
သင့်ကိုယ်သင် အထင်ကြီးခြင်းမျှသာ၊
သင်မရှိဘဲနှင့် ဖြစ်နေကြသူတွေ တစ်ပုံကြီး။

သူမရှိ မဖြစ်
သူ့အပေါ် သင် အထင်ကြီးနေခြင်းမျှသာ၊
သူမရှိဘဲနှင့် ဖြစ်နေကြသူတွေ မေးထိုးပြလို့ မကုန်။

သင်ရှိတုန်းမို့  လက်ခံနေသည်သာ။
သင် ပေး ကမ်းလို့  ယူငင် နေသည်သာ။

ယနေ့ -
သင် မရှိလျှင် ယနေ့ပင်
သူဟာနှင့်သူ ဖြစ်နေပေလိမ့်မည်။

ယနေ့ -
သင်သေ၍ သင် မရှိတော့ပါသဖြင့်
သင့်နောက်သို့ လိုက်သေမည့် မသာကား
တစ်လောင်းမျှ မရှိပါ။ 

အလိုရှိသည့်အတိုင်း မရထိုက် မရကောင်းသော အရာ(၅)မျိုး

| | 0 comments

            လောကမှာ လူတိုင်းလူတိုင်း ဘ၀ဆိုတာရရှိထားလေတော့ အိုခြင်း တစ်ထွေ နာခြင်း တစ်ဖြာ သေခြင်း တစ်မျိုး ကုန်ခြင်း 
ပျက်ခြင်း သည်စာရင်းက မလွတ်ကင်းနိုင်ကြပါဘူး၊ လူတိုင်းလူတိုင်းမှာ အခက်အခဲဆိုတာရှိနေကြပါတယ်၊       အကြီးမားဆုံသော 

      အခက်အခဲကတော့ သေခြင်းအခက်အခဲပါ၊ ဒါထက် ကြီးမားတဲ့အခက်အခဲဆိုတာ မရှိနိုင်တော့ပါဘူး။
    အဲဒီ အခက်အခဲရဲ့ကိုရင်မဆိုင်ခင် ရှေ့မှာလည်း အိုခြင်းအခက်အခဲဆိုတာက ရှိနေပြန်ရော သူလည်းဘဲ ရင်ဆိုင်ဖို့အတော်လေးကိုခက်ခဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူသားအချင်းချင်း ရုပ်ရည်အဆင်းခြင်း 
တစ်ဥိးနဲ့တစ်ဦး တူညီမှုမရှိကြပါဘူး၊   ရုပ်ရည်ခြင်း တူညီမှုမရှိကြပေမယ့် တူညီတဲ့ ဆန္ဒရှိတာခြင်းကတော့ 
တူညီနေကြပါတယ်၊       အဲဒါက ဘာလည်းဆိုတော့ လူတိုင်းလူတိုင်းရုပ်ရည်အဆင်း သိပ်လှချင်ကြတယ် 
မအိုချင်ကြပါဘူး၊ အသက်ကြီးသွားလို့သာ အားမတန်လို့မာန်လျော့လိုက်ရတာပါ၊ ဒါကိုဘဲအန်တုလို့ရသမျှတော့ အန်တုကြရသေးတာပဲ မဟုတ်လား? အသက်ကြီးလာလေ ဆံပင်က နက်ချင်လေ စသည်စသည်များစွာသော အန်တုခြင်းတွေရှိကြပါတယ်။
    ဒါကြောင့်လည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီးက လောကမှာ အလိုရှိသည့် အတိုင်း မရထိုက် မရကောင်းသော
အရာ(၅)မျီုးရှိပါတယ် တဲ့ - - -
             ၁။ ဇရာ ဓမ္မံ မာဇီရိ = အိုတတ်သော သဘောတရားကို မအိုပါစေနှင့်ဟု
             ၂။ ဗျာဓိ ဓမ္မံ မာဗျာဓီယိ = နာတတ်သော သဘောတရားကို မနာပါစေနှင့်ဟု
             ၃။ မရဏ ဓမ္မံ မာဓီယိ   = သေတတ်သော သဘောတရားကို မသေပါစေနှင့်ဟု
             ၄။ ခယ ဓမ္မံ မာ ခီယိ    = ကုန်တတ်သော သဘောတရားကို မကုန်ပါစေနှင့်ဟု
             ၅။ နဿန ဓမ္မံ မာနဿီ = ပျက်တတ်သော သဘောတရားကို မပျက်ပါစေနှင့်ဟု 
      ရဟန်းဖြစ်စေ ပုဏ္ဏားဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆိုတောင့်တ၍ အလိုရှိသည့်အတိုင်းမရထိုက် မရကောင်းသော အရာတို့သည် ဤ ငါးပါးတို့တည်း။