တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၅)

| |


၁၃။ မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့
       သာသနာတော်ကိုကြည်ညိုလေးစားကြတဲ့ အရှင်မြတ်တွေဟာ သီလကိုစင်ကြယ်အောင် သမာဓိကို ခိုင်မြဲအောင် ပညာကိုတိုးပွားအောင် လုပ်ကြရမှာက သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေရဲ့အလုပ်ပါ။ ဓမ္မကို ဓမ္မ၊ အဓမ္မကို အဓမ္မအဖြစ်ထင်ရှားအောင်ပြဖို့အရေးကြီးတယ်။ အနာဂတ်သာသနာမှာ တာဝန်တွေကိုထမ်းဆောင် ကြမည့် ရှင်ရဟန်းငယ်တွေကို နည်းမှန် လမ်းမှန်သင်ပြပေးဖို့အရးကြီးပါတယ်။

၁၄။ ရွှံ့ညွန်တွင်းက ရွှေကြာပန်းပမာ
          တရားနာ ပရိသတ်တွေနည်းနည်းစဉ်းစားကြည့်ပါ၊ ပရိသတ်တွေဟာ များသောအားဖြင့် ကာမဂုဏ် ခံစားနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ မိမိတို့ဒီလိုကာမဂုဏ်တွေခံစားခြင်းသည် မိမိတို့အတွက် အကျီုး ဘယ်လောက် ပျက်စီးဆုတ်ယုတ်စေနိုင်တယ်ဆိုတာ သဘောပေါက်ဖို့ သိမ်လိုနေတယ်။ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့် ကာမဂုဏ်ပဲ ကိုယ်ခံစားတော့ ဘာဖြစ်သလဲ ဆိုတဲ့ ဒီစိတ်ထားမျီုးကိုသိပ်မွေးဖို့မတော်ဘူး။ ဒါတော်တော် လေး သတိရှိဖို့လိုနေတယ်။ ဒီလိုဆိုရင် အရှင်ဘုရား ဘုရားရှင်လက်ထက်အခါက သောတာပန် သကဒါဂါမ် အစရှိတဲ့ သူတော်ကောင်းတွေ အိမ်ထောင် သားမွေးဘ၀နဲ့ သောတာပန် သကဒါဂါမ် ဖြစ်သွားကြတာပဲ မဟုတ် လား? ဒီလို ပုဂ္ဂိုလ်တွေလည်း ကာမဂုဏ်ခံစားကြတာပဲ အဲဒီလိုပုဂ္ဂိုလ်တွေကို လူယုတ်မာတွေလို့ပြောရမလားလို့ မေးစရာရှိတယ်။ ဒီအချက်လေးနဲ့ ပတ်သက်ပြီးတော့ ဘသုန်းကြီးဘက်က နည်းနည်းကလေးတော့ရှင်းပြရန်တာ
ဝန်ရှိလာပါတယ်။ အဲဒီ သူတော်ကောင်းကြီးတွေက သူတို့ ကာမဂုဏ်ခံစားတယ်ဆိုပေမယ့် သူတို့မှာ မွန်မြတ်တဲ့ ကုသိုလ် ဆန္ဒဓာတ်ကလေးတွေ တစ်ဖက်ကကိန်းဝပ်လျှက်ရှိကြပါတယ်။ တစ်ယောက်နှင့်တစ်ယောက် ချစ်ခင် မြတ်နိုးမှု တဏှာ ပေမတရားထင်းရှားရှိနေကြသော်လည်း သမထဘာဝနာ ကုသိုလ် ၀ိပဿနာ ဘာဝနာကုသိုလ် မဂ်ကုသိုလ်ဆိုတဲ့ ဒီလို အဆင့်အတန်းမြင့်နေတဲ့ ကုသိုလ်တွေရဲ့ အကူအညီကိုရခဲ့မယ် ဆိုလျှင်တော့ တစ်ဦးအပေါ် တစ်ဦး ချင်ခင်မြတ်နိုးမှုဆိုတဲ့ ဒီ တဏှာ ပေမ တရားက အဲဒီ သူတော်ကောင်း တွေကို အပါယ်သို့ပစ်ချနိုင်လောက်အောင် စွမ်းအားမရှိကြတော့ပါဘူး။
          ဥပမာ-ကျောက်ခဲ တစ်ခဲဆိုကြပါစို့ ကျောက်ခဲချည်း သက်သက် ရေထဲသို့ ပစ်ချလိုက်မယ်ဆိုလျှင်တော့ အဲဒီ ကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ်သွားမှာပါ၊ ဒါပေမယ့်- အဲဒီကျောက်ခဲကို ရေထဲသို့ ပစ်မချပဲ လှေပေါ်တင် ပြီးတော့ သွားမယ်ဆိုရင်တော့ ဒီကျောက်ခဲဟာ ရေထဲမှာ နစ်မြုပ်ပြီးတော့ မသွားတော့ဘူး။ လေ၏အလိုကျ အတိုင်း လှေသွားတဲ့နေရာကို လှေပေါ်ကနေပြီးတော့လိုက်ပါသွားရတယ်။ အဲဒီ ဥပမာအတိုင်းပဲ လှေနှင့်တူတဲ့ အလွန်အဆင့်အတန်းမြင့်နေတဲ့ သမထ ၀ိပဿနာ မဂ်ကုသိုလ်တွေ၏ အကူအညီကိုရနေတဲ့  ကျောက်ခဲနှင့် တူနေတဲ့ တစ်ဦးအပေါ်တစ်ဦး ချင်ခင်မြတ်နိုးမှု တဏှာ ပေမ တရားဟာလည်း အားကောင်းတဲ့ ကုသိုလ်၏ အလိုကျအတိုင်းပဲ လိုက်ပါသွားရတယ်။

0 comments:

Post a Comment