တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၉)

| |


၂၂။ အစွဲမပြုတ်လျှင် ကမ္မဋ္ဌာန်းမဟုတ်
               
ငါ့ဟာလို့စွဲနေတဲ့အစွဲက တဏှာစွဲ၊
ငါငါလို့စွဲနေတဲ့ အစွဲက မာနစွဲ။
ငါ့ရဲ့အတ္တပဲလို့ စွဲနေတဲ့အစွဲက ဒိဋ္ဌိစွဲ။
ဒီအစွဲ(၃)ခု ဘာကြောင့်ဖြစ်ပေါ်လာရသလဲ လို့ အခြေခံအကြောင်းရင်းကိုဆန်းစစ်ကြည့်လိုက်တော့ ဘာတွေ့ လည်း? အ၀ိဇ္ဇာပဲ အ၀ိဇ္ဇာနီဝရဏတရားက ပိတ်ဖုံးတားဆီးထားတယ်။
          ဒါက ရုပ်တရားအစုအပုံ၊ ဒါက နာမ်တရားအစုအပုံ လို့မသိဘူး။ အကြောင်းတရားအစုအပုံ၊ အကျီုးတ ရား အစုအပုံလို့မသိဘူး။ အနိစ္စတရားအစုအပုံ၊ ဒုက္ခတရားအစုအပုံ၊ အနတ္တတရားအစုအပုံတွေပဲလို့လည်းမသိ ဘူး။ အသိတဲ့အတွက် ဘယ်လိုသိနေသလဲဆိုတော့ ယောက်ျား/မိန်းမ/လူ/နတ်/သား/သမီးလို့သိနေတယ်။ အဲဒီ အသိမှားနေတဲ့ အ၀ိဇ္ဇာက ပိတ်ဖုံးထားတဲ့အတွက်ကြောင့် သတ္တ၀ါတွေသည် ဒီယောက်ျား မိန်းမပုဂ္ဂိုလ် သတ္တ၀ါ အချင်းချင်း လူနတ်ဗြဟ္မာအချင်းချင်းတစ်ဦးနဲ့တစ်ဥိးတွယ်တာတပ်မက်တဲ့ ဓာတ်တွေကိန်းဝပ်ပြီး မလာဘူးလား? လာတယ်။
          မိမိရဲ့ရုပ်နာမ်သန္တာန်အစဉ်ပေါ်မှာလဲ ကိန်းဝပ်တွယ်တာတပ်မက်မှုဓာတ်တွေ ကိန်းဝပ်လာတယ်။ သူတစ်ပါးရဲ့ ရုပ်နာမ်သန္တာန်အစဉ်ပေါ်မှာလဲ လှမ်းပြီးတွယ်တာတပ်မက်မှုမရှိဘူးလား? ရှိနေတယ်။
          တွယ်တာတပ်မက်မှုဓာတ်တွေသိပ်ပြီးပြင်းထန်လာပြီဆိုရင်တော့ ဘာဖြစ်တတ်သလဲ?ကြောက်ဖို့  သိပ် ကောင်းတယ်။

၂၃။ မည်သိဘ၀မျိုးကို ရွေးချယ် အလှဆင်မှာလဲ?
          ဒီနေ့တရားနာနေတဲ့ ပရိသတ်တွေ ရွေးချယ်ခွင့်ရှိကြပါတယ်။ သို့သော် ဘ၀ဆိုတာ ကောင်းတယ်လို့ ဘုန်းကြီးပြောနေတာတော့မဟုတ်ဘူး။ သံသရာခရီးကို မိမိက ဆုံးအောင်မလုပ်နိုင်သေးလို့ ဘ၀တစ်ခုခုကို လက်ခံရမယ်ဆိုရင် မိမိက ဘယ်လိုဘ၀မျီုးကို အလိုရှိသလဲ အလိုရှိတဲ့ဘ၀ကိုရောက်ရာရောက်ကြောင်းကံတွေ ကို ဒီအချိန်အခါမှာ ပြုစုပျီုးထောင်နိုင်ခွင့်ရှိနေတဲ့ အချိန်အခါဖြစ်တယ်ဆိုတာကိုအသိပေးနေခြင်းဖြစ်ပါတယ်။ ဒီအချိန်အခါမှာ မိမိတို့က ဘယ်လိုဘ၀မျီုးကို အလိုရှိတယ်ဆိုရင် ဘယ်လိုကံမျိုးကိုပြုစုပျီုးထောင်ရမယ်ဆိုတာ ကိုသဘောပေါက်ဖို့လိုတယ်။
          သို့သော် ကျကျနနရွေးချယ်တတ်ဖို့တော့လိုတယ်။ မရွေးချယ်တတ်ဘဲနဲ့ အမှတ်တမဲ့ ကံတစ်ခုကိုပြုလုပ် လိုက်လို့ ဒီကံတွေက ကံအရာတည်သွားလို့ရှိရှင် နောင်တစ်ချိန်အကျီုးပေးတော့မယ်။ အကျီုးပေးတဲ့ အချိန်အခါ ကျတော့မှ မိမိက ဒီကံမျီုး ဒီအကျီုးမျီုး ဒီကံကြောင့်ဖြစ်ပေါ်လာတဲ့ ဒီအကျီုးတရားမျီုးကို အလိုမရှိပါဘူးလို့ ထိုင် ပြီး ငိုနေသော်လည်း ရဦးမလား? မရတော့ဘူး အချိန်က လွန်သွားပြီ။

0 comments:

Post a Comment