၂၄။ ကျင့်ရိုးအရှိ လမ်းမှန်သိလော
သတ္တ၀ါတွေအပေါ်မှာ ကြင်နာသနားတတ်တဲ့စိတ်ထားက သိပ်မွန်မြတ်တယ် သတ္တ၀ါတွေရဲ့အကျီုးစီး ပွားကိုအမြဲတမ်းလိုလားတောင့်တနေတဲ့ ဒီစိတ်ထားဟာ ကောင်းပါတယ်။
ချမ်းသာကြပါစေ၊ ကောင်းရာ သုဂတိရောက်ကြပါစေ။ နိဗ္ဗာန်ရောက်ကြပါစေ။ဒီစိတ်ထားမျိုးဟာ သိပ် ကောင်းတဲ့ စိတ်ထားပါ။ ခဏ ခေတ္တတစ်ဦးနဲ့တစ်ဦး ဆုံကြတယ်၊ ကြုံကြတယ်၊ တွေ့ဆုံကြတယ်။ တွေ့ကြုံ ဆုံနေခိုက် သတ္တ၀ါအချင်းချင်း ချမ်းသာစေလိုတဲ့ စိတ်ထားအမြဲရှိကြမယ်ဆိုရင် အန္တရာယ်ဆိုတာ မပေါ်နိုင်တော့ ဘူး။ သိပ်ကောင်းတယ်။
သူတစ်ပါးတို့ကို ချမ်းသာစေလိုတဲ့ ကြီးပွားစေလိုတဲ့ ဒီစိတ်ထားက မိမိချမ်းသာဖို့ ကြီးပွားဖို့အကြောင်း တစ်ခုဖြစ်နေတယ်။
သူတစ်ပါးတွေကိုကြင်နာသနားတဲ့ စိတ်ထားက မိမိကြင်နာသနားမဲ့သူတွေ ပေါများလာအောင် မိမိ အကျိုးစီးပွားတွေကို မပျက်ဆီးအောင် အစဉ်သနားစောင့်ရှောက်ပေးမဲ့သူတော်ကောင်းတွေ ပေါများလာအောင် တည်ထောင်ဖန်းတီးပေးတယ်။ အထောက်အပံ့တွေပေးတယ်။
၂၅။ ကံတို့၏ အကျိုးပေးဟန်
ဒါနပြုတာချင်းတူတယ်ထား ပါဏာတိပါတကံကို မလွန်ကျူးတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါနနှင့် ပါဏာတိပါတကံကို မလွန်ကျူးတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါန၊ ဒီနှစ်ခု တိုင်းတာ နှိုင်းစာကြည့်လိုက်ရင် ပါဏာတိပါတကံကို လွန်ကျူးနေတဲ့ ပုဂ္ဂိုလ်ရဲ့ ဒါနသည် အဆင့်မမြင့်ဘူး၊ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးကိုမပေးနိုင်ဘူးတဲ့နော် . . . . . . . .. ဟို ဒါနူပပတ္တိသုတ္တန်မှာ ဘုရားဟောထားပါတယ်။
သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံနှင့် သီလမရှိတဲ့ ပုဂ္ဂုရဲ့ ကုသိုလ်ကံသည် တူညီတဲ့အကျိုး မရှိပါဘူး။
0 comments:
Post a Comment