တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၆)

| |

၁၆။ ၀ိပါက်ကြမ္မာ မလွတ်သာ
          အရှင်မောဂ္ဂလာန်ကိုကြည့်ပေါ့ မိဘကိုဖြစ်မှားခဲ့ဖူးတဲ့ ကံတွေကိုအခြေခံပြီးတော့ အရှင်မောဂ္ဂလာန်ဖြစ် တဲ့ ဘ၀အထိ ဘ၀ပေါင်း(၂၀၀)ကျော်ဆက်တိုက် အမြဲခေါင်းကွဲပြီးတော့ အမြဲအသေခံခဲ့ရတယ်။ ဘာကိုအခြေခံ သလဲ? ကံပါ။ မိဘတွေအပေါ်မှာပြစ်မှားခဲ့တဲ့ကံကိုအခြေခံပြီးတော့ အသတ်ဖြတ်ခံရတယ်၊ အညှင်းပန်း   အနှိပ် စက်ခံရတယ်။ တစ်ခါ ကံကြောင့်ပဲ အနှောင်အဖွဲ့ခံရပြန်တယ်။ သူတစ်ပါးတွေကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကံတွေ ကို အခြေခံပြီးတော့ သတ္တ၀ါတွေဟာ ဒီဘ၀မှာလည်း အနှောင်အဖွဲ့ခံရတယ်၊ သတ္တ၀ါတွေကို မတူညီအောင် ပြုပြင်ပေးနေတဲ့ ဒီကံတွေက ထူးထွေကွဲပြားမှုရှိတယ်။
          ဒီလို ထူးထွေကွဲပြားတဲ့အတွက် သတ္တ၀ါတွေဟာ တစ်ဦးနဲ့ တစ်ဦး မတူညီတဲ့ အကျီုးပေးတွေလည်း ထူးထွေကွဲပြားမှုရှိလာတယ်။ အဲဒီလိုရှိနေတာကို လောကမှာ မြင်နေရတဲ့အတွက်ကြောင့်လောကမှာ ကံမရှိဘူး လို့ ဘယ်လိုလုပ်ပြောနိုင်မလဲ လောကမှာ ကံရှိသလား မရှိဘူးလား? ရှိတယ်။ သို့သော် တပည့်တော်တို့ ဘယ်ပုံ  ဘယ်နည်းလမ်းဖြင့် ဒီကံကိုသိနိုင်ပါသလဲဆိုလို့ရှိရင်တော့ ပစ္စယ ပရိဂ္ဂဟဥာဏ် လို့ခေါ်ဆိုအပ်တဲ့ သမ္မာဒိဋ္ဌိ ဥာဏ် နှင့် အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလသုံးပါးအတွင်းမှာရှိနေတဲ့ အကြောင်းတရား အကျီုးတရားတွေကို မိမိက စနစ်တကျသိမ်းဆည်းတတ်ပြီဆိုရင်တော့ ကံ ကံရဲ့အကျီုးဟာ တကယ်ထင်ရှားရှိတယ်ဆိုတာ ကိုယ် တိုင် ထိုအချိန်အခါမှာ သိနိုင်တဲ့အခွင့်အရေးတွေရှိနေပါတယ်။

၁၇။ အန္တရာယ်မဖြစ်အောင် ကုသိုလ်ဆောင်
          ဘုန်းကြီးငယ်စဉ် ကျောင်းသားဘ၀တုန်းက အတွေ့အကြုံလေးတစ်ခုရှိခဲ့ဘူးတယ်။ ဘုန်းကြီးကျောင်း သား ဘ၀နှင့် ဘုန်းကြီးကျောင်းမှာ ဆွမ်းအုပ်ထမ်းရတယ်။
          တစ်နေ့ လယ်တောတစ်ခုမှာ ဆွမ်းအုပ်သွားထမ်းရတယ်။ အဲဒီနေ့ လယ်တောမှာ တစ်အိမ်တစ်ယောက် ဆိုပြီးတော့ လူကြီးကဆင့်ခေါ်လို့ လူတွေထွက်လာကြတယ်။ ဒါနဲ့ ဆွမ်းအမကြီးကိုမေးကြည့်တယ်၊ ဘာဖြစ်တာ လဲ ဆိုတော့ အဲ ဟိုဘက်မှာတဲ့ လူတစ်ယောက်ကို သတ်သွားလို့ သတ်သွားတဲ့ ပုဂ္ဂိုလ်ကိုလိုက်ပြီးတော့ ရှာနေ ကြတယ်လို့ ဆွမ်းအမကြီးကပြောပြတယ်။
          ထူးခြားချက်ကလေးတစ်ခုကိုပြောချင်တယ်- - -
          တောနင်းရှာနေကြတဲ့အခါမှာ တစ်အိမ်တစ်ယောက်ကျနှင့် လူတွေဆင့်ပြီး တောနင်းပြီးလိုက်ရှာတော့ တောလည်းသိပ်မရှိလှဘူး လယ်ကွင်းပဲ အဲဒီလယ်ကွင်းထဲမှာ ဒီလူကို လိုက်ရှာတာ ရှာလို့ကိုမတွေ့ကြဘူး။ ဒီ သတ်တဲ့ ဒကာကြီးကလည်း ဘုန်းကြီးနဲ့ခင်ပါတယ်။ နောက်ပိုင်း သူနဲ့ဆုံတော့ မေးကြည့်တယ်။ ဘာလုပ်နေ သလဲဆိုတော့ အဲဒီအချိန်မှာ လယ်တောမှာလယ်တွေရိတ်နေတဲ့အချိန်ဖြစ်တော့ ကောက်ရိုး ရိုးပြတ်တွေရှိတယ်၊ ရိုးပြတ်ကလေးကို အထုံး(၉)ထုံး ထုံးပြီးတော့ ပုတီးလို သူက ကွင်းလေးလုပ်လိုက်ပြီးတော့ အဲဒီအထုံး(၉)ထုံးကို ပုတီးလုပ်ပြီး ဂုဏ်တော်(၉)ပါးကို ထိုင်ပြီးတော့ စိပ်နေတာပဲ ဓားတွေ တုတ်တွေနှင့် သူနားမှာ လူတွေအကုန်လုံး ဖြတ်သွားနေတယ်။ အဲဒီသူတွေက သူ့ကိုမမြင်ဘူး သူက ဒီလူတွေကို အကုန်လုံးမြင်နေတယ်လို့ သူကပြောပြ တယ်၊ အဲဒါ ဘာလဲ ဘုန်းကြီးပြောချင်တာက ဒီဘ၀မှာ ပါဏာတိပါတကံတွေကို လွန်ကျူးတာမှန်ပေမဲ့လို့ အတိတ်က သူ့မှာ ပါဏာတိပါတကံ တွေကို ရှောင်ကြဉ်ခဲ့တဲ့ ကုသိုလ်ကံ ကလေးက ရှိနေတယ်။ ဒီအတိက်က ကုသိုလ်ကံလေးက သူ့ကို အန္တရာယ်အမျီုးမျိုးကို ဘေးရှဲသွားအောင်ပို့ဆောင်ပေးလိုက်တယ်။ ဒါကြောင့် အန္တ ရာယ်ပေးမယ့် သတ္တ၀ါတွေက သူ့ကိုမမြင်ဘူး သူကသာလျှင် အန္တရာယ်ပေးမယ့် သတ္တ၀ါတွေကိုမြင်နေတယ်။
နောက်တစ်ခုကတော့ ဂုဏ်တော်ကိုပွားနေတဲ့ကုသိုလ်ကံပဲ။ ဒီ ကုသိုလ်ကံကလည်း အတိတ် က ပါဏာတိပါတ ကံမှ ရှောင်ကြဉ်ခဲ့တဲ့ ကုသိုလ်ကံကို အကျိုးပေးခွင့်သာအောင်လမ်းခင်းပေးနေတယ်၊ အထောက်အပံ့ပေးနေတယ်။ ပစ္စုပ္ပန်ကုသိုလ်ကံကိုအမှီရတဲ့အတွက် အတိတ်ကံလည်း အကျိုးပေးဖို့ ရန် အခါအခွင့်ပိုပြီးသာသွားပါတယ်။ ဒါကြောင့်အတိတ်ကံ ကုသိုလ်ကံတွေက အကျိုးပေးခွင့်သာ အောင် ပစ္စုပ္ပန်မှာလည်း ကုသိုလ်ကံတွေကို များများထူထောင်ဖို့လိုတယ်။

0 comments:

Post a Comment