တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၂)

| |

၎။ နှုတ်ရဲ့အလှ
          မွေးလာတဲ့ ယောက်ျားရဲ့ပါးစပ်ထဲမှာ ဓာမကြီးတစ်လက်ပါလာတယ်။ ယင်းဓားမကြီးဖြင့် လူမိုက်
သည် မကောင်းပြောပြီး မိမိကိုယ်ကိုယ်ကိုယ်မိမိပိုင်းဖြတ်တတ်တယ်တဲ့၊ ဒကာကြီးတွေ ဒကာမကြီးတွေ
ရဲ့ပါးစပ်ထဲမှာ ဓားမတစ်လက်မပါဘူးလား? ပါပါတယ်။ ဒီဓာမက အသုံးချတတ်ရင်တော့ အကျိုးကျေးဇူး
ရှိပါတယ်၊ အသုံးမချတတ်ရင်တော့ ဒီဓာမသည် ဘာဖြစ်တတ်သလဲ? မိမိကိုယ်ကို မိမိပိုင်းဖြတ်သွားတတ်
တယ်တဲ့၊ ဒါကို သတိထားကြ၊ အခုလိုအများနဲ့ စုပေါင်းနေထိုင်တဲ့အချိန်အခါမျိုးမှာ ပိုပြီးတော့အရေးကြီး
တယ်။ တစ်ဦးနဲ့တစ်ဦး စိတ်ကလေး ချမ်းသာသွားအောင် ကာယကံမေတ္တာနဲ့ စကားပြောဖို့လိုတယ်။ ၀စီကံ
နဲ့စကားပြောတတ်ဖို့လိုတယ်၊ မနောကံ မေတ္တာ အပြည့်အ၀နဲ့ စကားပြောတတ်ဖို့လိုအပ်ပါတ်။

၅။ ၀နှစ်လုံးပူး ထဆင်ထူး
           ဆရာတော်တစ်ပါးအမိန့်ရှိတဲ့ ဒကာလေးတစ်ယောက်အကြောင်းကိုပြောဦးမယ်။ ဘုန်းကြီးတို့နဲ့
 တောထဲမှာ အတူနေဖူးတဲ့ဆရာတော်တစ်ပါးကသူ့တပည့်ကလေးတစ်ယောက်အကြောင်းကို ပြောပြ
ဖူးတယ်၊ ဒီတပည့်ကလေးတစ်ယောက်က စိတ်ကောင်းကောင်းမနှံ့သလိုဖြစ်နေတယ်။     တစ်နေ့မှာ သူ့ဆရာတော်ကိုလျှောက်တယ်၊ ဆရာတော် လူတွေက တပည့်တော်ကို အရူး အရူးလို့ပြောနေကြတယ်။ သူတို့ကတော့ မရူးသလိုဘဲ မြတ်စွာဘုရားကတော့ ပုထုဇ္ဇနော ဥမ္မတ္တကော=ပုထုဇဉ်မှန်သမျှ အကုန်အရူး
ချည်း ပဲလို့ဟောထားတာပါ။ တပည့်တော်ကိုသာ အရူးလို့ပြောပြီး သူတို့ကတော့ မရူးသလိုဘဲ အမှန်မှာတော့ မထူးပါဘူး အတူတူချည်းပါပဲ ၀နှစ်လုံးကိုဆက်လိုက်ရင် ထဆင်ထူးချည်းဖြစ်တာပါပဲ။ ဒီလိုသူကလျှောက်တယ်၊ မှန်တယ် . . . ၀နှစ်လုံးကိုဆက်လိုက်ရင် ထဆင်ထူးချည်းဖြစ်တာပဲ မစင်ထုပ်ကြီးကိုထမ်းပြီး သံသရာမှာ လမ်းသလားနေသူတွေချည်းမဟုတ်လား ?

၆။ ဘယ်ပန်းချီရေးလို့မမှီ
          ကံတွေကိုတည်ထောင်ဖန်ဆင်းနေတဲ့အချိန်အခါကလေးမှာ မိမိတို့ရဲ့ တည်ထောင်ဖန်ဆင်းမှုက မကျွမ်းကျင် မလိမ္မာလို့ စိတ်ထားတွေက အင်မတန်ညံ့ဖျင်းနေလို့ရှိရင် နောင်တစ်ချိန်ဘ၀တစ်ခုလို့ခေါ်ဆို အပ်တဲ့ ပန်းချီကားချပ်ထဲမှာ ပေါ်လာမဲ့ရုပ်ပုံတွေက ဘယ်လိုရုပ်ပုံတွေဖြစ်မလဲ? အင်မတန်အကျည်းတန် အရုပ် ဆိုးတဲ့ ပုံစံကလေးတွေပေါ်လာနိုင်တယ်။
          ကံထူထောင်ခဲ့စဉ်တစ်ချိန်က   ကျွမ်းကျွမ်းကျင်ကျင် လိမ်လိမ်မာမာနဲ့ မိမိတို့က ရေးဆွဲနီုင်ခဲ့မယ်ဆိုရင် တော့ ဘာဖြစ်မလဲ? ဘ၀ဇာတ်ခုံလို့ခေါ်ဆိုအပ်တဲ့ ပိတ်ကားချပ်ပေါ်မှာ အင်မတန်ချောမော လှပနေတဲ့ အမျိုးသမီး/သား ရုပ်ပုံကလေးတွေ ပေါ်လာနိုင်တယ်။

0 comments:

Post a Comment