တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မော်လမြိုင် ဖားအောက်တောရဆရာဘုရားကြီး မိန့်ကြားတော်မူသော သြ၀ါဒ တရားတော်များ(၄)

| |

၁၀။ ကိုယ်စိုက်တဲ့အတိုင်း ရိတ်သိမ်းရတာပါ
ချမ်းသာသုခကိုလိုလားတောင့်နေတဲ့ သတ္တ၀ါတွေကို ဆင်းရဲ ဒုက္ခရောက်အောင်ပြုလုပ်ခဲ့မိတယ်။
ဒီလိုဆလျှင် သတ္တ၀ါအချင်းချင်း အခုလိုယှဉ်တွဲပြီး နေထိုင်တဲ့ အချိန်မှာ ချမ်းသာသုခကိုလိုလားတောင့်တ နေတဲ့ သတ္တ၀ါတွေကို ကိုယ်ဆင်းရဲ စိတ်ဆင်းရဲခြင်းဖြစ်အောင် အပြုလုပ်ကောင်းပါဘူး။ ဒီအချက်ကို သတိရှိ
ကြပါ။ မိမိရဲ့တစ်ဘ၀စာ တနပ်စာလေးအတွက်ရည်ရွယ်တောင့်တပြီးတော့ တစ်ဖက်သားတွေကို စိတ်ဆင်းရဲ ခြင်းဖြစ်အောင်ပြုလုပ်ခြင်းသည် မိမိဆင်းရဲဖို့ အကြောင်းဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။

၁၁။ ခိုင်မြဲသော စိတ်ဓာတ်
          သူတော်ကောင်းဆိုတာ သူတော်ကောင်းစိတ်ဓာတ်ကိုအမြဲတမ်းခိုင်ခိုင်မာမာဆောက်တည်
ထားရမယ်။ ပညာရဖို့ကလွယ်တယ် နည်းလမ်းရဖို့ခက်တယ်။ တရားလိုချင်လို့ တရားလာအားထုတ်
ကြတဲ့သူတွေဟာ မိမိရဲ့ လက်နှစ်လုံးလောက်ရှိတဲ့ ပါးစပ်ကလေးကို ပိတ်ထားနိုင်ခဲ့ရင်
တရားပြည့်ဝနိုင်ပါတယ်။

၁၂။ မြင့်မြတ်သူတို့၏ မြဲသော ဒါန၀တ်
ဒါနတစ်ခုပြုစဉ်အချိန်အခါမှာ နိစ္စဘတ်ဝတ်ကလေးတစ်ခုထားပြီး ပြုတာပိုကောင်းတယ်။ ဥပမာ အိမ်မှာ ကိုးကွယ်ဆည်းကပ်ထားတဲ့ မြတ်စွာဘုရားကို သောက်တော်ရေ၊ ဆွမ်း ဆီမီး ကပ်လှူပူဇော်မယ်ဆိုရင် နေ့စဉ်မပျက်စေရဘူး။ ဒီ ဘုန်းကြီးကြိုက်တာပြောမယ်နော်-မလှူနီုင်သေးရင် မလှူပါနဲ့ လှူဒါန်းနိုင်ရင်တော့ တစ်လတစ်ခါလောက်ဖြစ်စေ ၀၀လှူပါ။ နတ်တင်သလို မျက်ချေးလောက်သွားလှူရင် ဘယ်ကောင်းမလဲ၊ ဘုရား လည်း ဘယ်ဝမလဲ? အမြဲမလှူနိုင်တောင်မှ တစ်လတ်ကြိမ်ဖြစ်ဖြစ် ငါဟာ မြတ်စွာဘုရားကို ၀အောင်ဆွမ်းလှူမယ်ဆိုပြီးတော့ ဆက်ကပ်လှူဒါန်းတာပိုကောင်းပါတယ်။ သို့သော် လစဉ် လှူဒါန်းရင်လည်း အမြဲမပြတ်လှူဒါန်းနေတဲ့အလှူဒါနပါ၊ သို့မဟုတ် နှစ်စဉ်လှူမယ်ဆိုရင်လည်း ဒါ အမြဲမပြတ်လှူနေတဲ့ အလှူဒါနပါ၊ သိပ်ခဲယဉ်းတဲ့အလုပ်တွေမဟုတ်ဘူးနော်-ဒီလို နိစ္စဘတ် ၀တ်ကလေးထားပြီးလှူဒါန်းပူဇော်နေတဲ့ အလှူဒါနလုပ်ငန်းခွင်ကို စိတ်ဝင်စားမှုရှိစေချင်လို့ပြောနေတာပါ။

0 comments:

Post a Comment