တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

ရဟန်းတော်များ လမ်းပေါ်ထွက် ဆန္ဒပြခြင်းသည် သိက္ခာပုဒ်နှင့်ငြိစွန်းမှုရှိမရှိ

| |


 

ရဟန်းတော်များ လမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည် 

မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်းနေပါသနည်း

 မေး ။……….။ တပည့်တော် ရိုသေစွာမေးလျှောက်အပ်ပါသည်ဘုရား၊ ရဟန်းတော်များ လမ်းပေါ်ထွက် ၍ ဆန္ဒပြခြင်းသည် မည်သည့်သိက္ခာပုဒ်များနှင့် ငြိစွန်း နေပါသနည်း။ (ကိုမြင်သိန်း (စင်္ကာပူ))

ဖြေ။…………။ ဒီမိုကရေစီ မေးခွန်းဖြစ်တယ်။(ရယ်သံများ)
ပက္ကာသနိယကံလုပ်တာ အခုရှင်းပြမယ်။
မြို့ထဲမှာ ဆန္ဒပြတယ်ဆိုတဲ့အခါမှာ သင်္ကန်းရုံပြီး ဝိနည်းသိက္ခာပုဒ် မဖောက်ဖျက်ရင်တော့ ဆန္ဒပြတယ်ဆိုတာနဲ့ သိ က္ခာပုဒ်ငြိစွန်းစရာ အကြောင်းမရှိဘူး။
ဆန္ဒကိုထုတ်ဖော်တာ အများကို သိအောင် လုပ်တယ်ဆိုတဲ့နေရာမှာ တစ်ခုတော့မှတ်ရမယ်…Strike နဲ့ Riot ကိုကွဲ
အောင် ကြည့်ရမယ်။
Strike လုပ်တာလား Riot လား။
Riot ဆိုတာ အကြမ်းဖက်တဲ့ အဓိကရုဏ်းလုပ်တာ ဖျက်စီးတာ ဟိုဟာ ဒီဟာတွေ ဖျက်စီးတယ် အဲဒါဆိုရင်Riot လို့
ခေါ်တယ်၊ Riot မဟုတ်ဘဲ Strike ဆိုတာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ပြတာပဲ။
ဥပမာ Hunger Strike ဆိုရင် သူ့ဟာသူအိပ်နေတာပဲလေ အဲဒီတော့ Strikeဆိုရင် အပြစ်ဖြစ်စရာ အကြောင်းမရှိ
ပါဘူး။
ဥပမာတစ်ခုပြောပြရမယ်ဆိုရင် ဆန္ဒပြတယ်လို့ ခုခေတ်လို ခေါ်ရင်ခေါ်ရမှာပေါ့ ဆန္ဒထုတ်ဖော်တယ်လို့ ထုတ်ဖော်
တာနဲ့ ပြတာ ဘယ်လိုကွဲတယ်ထင်သလဲ…။ (ရယ်သံများ)
စကားကလည်း ယဉ်ယဉ်ကျေးကျေးလေးသုံးတဲ့အခါမှာ တစ်မျိုးပေါ့နော်…။
အဲဒီ တော့ဒေဝဒတ်ပြဿနာ ပေါ်လာခါနီးမှာ ရှင်သာရိပုတ္တရာနဲ့ ရဟန်းတွေဟာ ရာဇဂြိုဟ်မြို့ထဲမှာဆန္ဒပြတယ်။
(ကြားဖူးကြလား) (မကြားဖူးပါဘုရား)။
မကြားဖူးဘူးဆိုရင် ပြောပြမယ်။

ဒေဝဒတ်က မြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့ သူရာဇဝတ်အမှုမကင်းတဲ့ အလုပ်တွေကို လုပ်တော့မယ်ဆိုတာ ဘုရားက သိတယ်။
သိတဲ့အခါကြတော့ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာကို ဦးဆောင်ခိုင်းပြီးတော့ ပကာသနိယကံဆိုတာကို ပြုခိုင်း
တယ်။
ပကာသနိယရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတော့ ဒေဝဒတ်ရဲ့ သဘော ထားနဲ့ ဘုရားသာသနာမှာ ကျန်တဲ့ရဟန်းတွေ
ရဲ့ သဘောထားမတူတာကို ထုတ်ဖော်ပြတာ ဒါလည်းဆန္ဒပြတာပါပဲ။
ဒီလိုထုတ်ဖော်တာကို ရာဇဂြိုဟ်မြို့ထဲမှာရှင်သာရိ ပုတ္တရာ ခေါင်းဆောင်ပြီးတော့ လိုက်ပြောရတယ်။
ဒေဝဒတ်ရဲ့ သဘောထားဟာ အရင်တုန်းကတစ်မျိုး အခုတစ်မျိုး ဖြစ်နေပြီ။
ဒေဝဒတ်လုပ်သမျှကိစ္စတွေဟာ သာသနာနဲ့မဆိုင်ဘူး။
ကျန်တဲ့ရဟန်းတွေနဲ့ မဆိုင်ဘူး။
ဒေဝဒတ်နဲ့သာဆိုင်တယ်ဆိုတာကို ထုတ်ဖော်ကြေငြာပြီး မြို့ထဲမှာလှည့်လည်ပြောတာရှိတယ်။
အဲဒါကို တစ်နည်းအားဖြင့်ပြောရရင် ဒါဆန္ဒပြတာပါပဲ။
အဲဒီလို ပြသင့်တဲ့အချိန်မှာပြတာ အကောင်းဘက်ကို ဦးတည်ပြီးတော့ပြတာ၊ အပြစ်ရယ်လို့ပြောစရာအကြောင်းမရှိဘူးပေါ့။

ခုနလို Riot လိုမျိုးဆိုရင်တော့ မီးရှို့မယ်၊ ဖျက်စီးမယ်ဆိုရင် မီးရှို့တယ်ဖျက်စီးတယ်ဆိုတဲ့ အပြစ်တော့ ရှိတယ်ပေါ့။
ဒါကို Riot လို့ ခေါ်တယ်။
Strike ဆိုတာကြတော့ ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ အများသိအောင် ကြေငြာတာတော့လုပ်ရတာ အဲလိုလုပ်ခြင်း
ကြောင့် မည်သည့်သိက္ခပုဒ်နဲ့ ငြိစွန်းပါသနည်းလို့ဆိုရင် ...။
မြတ်စွာဘုရားက “ချစ်သား ရဟန်းတို့ ဆန္ဒမပြရဘူး ဆန္ဒပြရင် အာပတ်သင့်စေ”ဆိုတာမရှိဘူး။
အဲဒီတော့ ဥပဒေမရှိသည့်အတွက်ကြောင့် ဘယ်သိက္ခပုဒ်နဲ့မှ ငြိစွန်းစရာ မရှိဘူး။
သို့သော် ငြိစွန်းနိုင်စရာဆိုလို့ မြို့ထဲရွာထဲသွာရင် သင်္ကန်းရုံသွားရမယ်၊ မျက်လွှာချပြီး သွားရမယ်ဆိုတဲ့ သေက္ခိယ သိက္ခာပုဒ်မှာ လိုက်နာရမယ့်ဟာလေးတွေ ရှိတယ်။
အဲဒီအတိုင်း လိုက်နာရင်တော့ ဒါဟာဆန္ဒပြတာနဲ့မဆိုင်ဘူး သွားတာလာတာနဲ့ ဆိုင်တယ်ပေါ့။
အဲဒီလိုသာရှိတယ် ဒီတော့ ဒီမေးခွန်းက အဲဒီလိုသာ မှတ်ရမယ်။

(ပါချုပ် ဆရာတော်ဘုရားကြီး၏ စင်္ကာပူ တရားပွဲ (ပ) နေ့တွင် ဖြေကြားသော မေးခွန်း အဖြေလွှာမှ)

အေးချမ်းမွန်မှ အက်ရှင်ဘဘ ဒီမို တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

0 comments:

Post a Comment