တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

မရောင့်ရဲနိုင်သမျှတော့ . . . . . .

| |


သင့်ရဲ့ ကိုယ်မှာ တွယ်တာတပ်မက် နှစ်သက်ဖွယ်ရာ တန်ဘိုးရှိတဲ့ အနှစ်အရာသာကိုရှာကြည့် လိုက်စမ်းပါ။ ဘာမှမရှိဘူး-ဟုတ်တယ် ဘာဆိုဘာမှကို မရှိပါဘူး။
ပုတ်နေတဲ့အကောင်မှာ ယုတ်နေတဲ့စိတ်ထားတွေပြန်ပြီး မွမ်းမမံလိုက်ပြန်မယ်ဆိုရင် သင်ဟာ ဆက်စုတ်ရွံဖွယ်ရာအပြည့် မုန်းစရာအတိ သုံးစရာဘာမျှမရှိတဲ့ လူသားဖြစ်တော့မပေါ့။
ဒါကြောင့် သင့်ဘဝအသွင်ကို အလှဆင်ဖို့ရာ(သို့) အပုတ် အစပ်မှ အမြုပ်ထပ် အမြတ်ထုတ်နိုင် ဖို့ အတွက် ကုသိုလ်ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးကြရအောင်။
ကျွန်ုပ်တို့ လိုချင်လှပါပြီဆိုတဲ့ ကာမဂုဏ်တရားတွေဟာ တကယ်ရလာပြီဆိုရင်လဲ ဘာကြောင့် ကျွန်ုပ်တို့ ငြီးငွေ့ကြပြန်တာလဲ။ မမြဲ၊ ဆင်းရဲ တရားတွေဖြစ်နေလို့ပါ။ ငြီးငွေ့တယ်ဆိုတာလဲ တကယ်ငြီးငွေ့တာတော့ မဟုတ်ပါဘူး အသစ်အသစ် တွေ ပြန်ပြီးလိုချင်နေကြပြန်ရော ပြည့်စုံ တယ်လို့ကို မရှိတော့ပါဘူး။
ဒါကြောင့် မြတ်ဘုရားက သန္တုဋ္ဌီ ပရမံ ဓနံ=ရောင့်ရဲခြင်းသည် အမြတ်ဆုံး ချမ်းသာ တဲ့၊ မရောင့်ရဲနိုင်သမျှတော့ ဆင်ရဲရတော့ တာပေါ့။


ကျန်းမာပါစေ/၏

0 comments:

Post a Comment