တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

ဘ၀င်မြင့်လျှင် စိတ်တိုင်းမကျတတ်ပါ

| |



ိုဘ၀င်မြင့်နေလျှင် စိတ်တိုင်းမကျတတ်ပါ


စိတ်တိုင်းမကျခြင်းသည် 
ဘ၀င်လေပင့်ထားသောကြောင့်ပင်
ကိုယ်တွင်း၏ ဘ၀င်လေ မငြိမ်သက်က
စိတ်သည်လည်း ကျက်စားရာ အာရုံပေါ်သို့ 
မကျရောက်တတ်ပြီ။

ထိုအခါ
တဖက်အာရုံတို့၏ ပြကွက်ကို ရှုစားရာ၌လည်း
မည်သည့်အခါမျှ စိတ်တိုင်းကျလိမ့်မည် မဟုတ်ချေ။

တဖန်
ဘ၀င်မြင့်လျှင် မာနကြီးလာတတ်၏၊
ထိုမာနတို့သည် မည့်သည့်အာရုံကိုမျှ
မိမိနှင့်တန်သည် မထင်တော့သဖြင့်
စိတ်တိုင်းကျမည်ကား မဟုတ်တော့ချေ။

အကယ်တိတိ
သင် စိတ်တိုင်းကျဖြစ်လိုသော်
သင့် ဘ၀င်မြင့်စိတ်ကို နှိမ့်ချလိုက်ပါလေ။

ဘ၀င်မြင့်လျှင်-ရုးတတ်သည်၊
အပင်မြင့်ကြည့်က-မူးတတ်သည်။

0 comments:

Post a Comment