၂၈။ စိတ်ကြည်လင်မှ ရုပ်သွင်လှ
မိမိက ရွှေအဆင်းနဲ့တူတဲ့အဆင်းဖြစ်ချင်တယ်ဆိုရင်တော့ ဘာလုပ်ရမလဲ? စိတ်ထားဖြူဖြူစင်စင်နဲ့ ဘုရားရှင်ရဲ့တရားစကားတွေကို တစ်ဘက်သားအား သွန်သင်ပြသ ဆိုဆုံးမပေးဖို့လိုတယ်။ ဟောကြားပြသပေး ဖို့လိုတယ်။
မကောင်းတဲ့အနံ့အသက်တွေကိုအလိုမရှိခဲ့ဘူးဆိုရင် ဘာဖြစ်ရမလဲ? သူတစ်ပါးတွေကို ကြမ်းတမ်း ခက်ထန်နေတဲ့စကားမျိုး နားမ၀င်နိုင်လောက်တဲ့စကားမျီုးတွေကို ပြောကြားရမလား? မပြောကြားသင့်ဘူး။ ဒီတော့ သိမ်မွေ့ နူးညံ့နေတဲ့ စကား တစ်ခွန်းဖြစ်လာရေးအတွက် အခြေခံအကြောင်းရင်းက ဘာလဲ? သိမ်မွေ့ နူးညံ့နေတဲ့ စိတ်ထားဖြစ်ပါတယ်။
နူးညံ့သိမ်မွေ့တဲ့စိတ်ဓာတ်ကြောင့် နူးညံ့သိမ်မွေ့တဲ့ စကားတွေက ဖြစ်ပေါ်လာမှာ။ ဒီတော့ မိမိတို့ရဲ့ စိတ် ဓာတ်ကို ပြုပြင်ပြောင်းလဲပေးဖို့ မလိုအပ်ဘူးလား? လိုအပ်နေတယ်။ မိမိတို့ကိုယ်တိုင် ရေးဆွဲလိုက်တဲ့ ပန်းချီကားတစ်ချပ်ပါ။
၂၉။ မပြောမဖြစ်လို့ ပြောကြရာဝယ်
မိမိသန္တာန်မှာ ငါးမျိုးသောတရားတို့ကိုရှေးရှုတည်စေပြီးမှ- - -
၁။ ကာလေန ၀က္ခာမိ=ပြောသင့်တဲ့သောအချိန်အခါမှာသာ ပြောဆိုအံ့။
နော အကာလေန=မပြောသင့်သော အချိန်အခါမှာ မပြောဆိုအံ့။
၂။ ဘူတေန ၀က္ခာမိ=အမှန်စကားဖြင့် ပြောဆိုအံ့။
နော အဘူတေန=မမှန်သော စကားဖြင့် မပြောဆိုအံ့။
၃။ သဏှေန ၀က္ခာမိ=သိမ်မွေ့သော စကားဖြင့် ပြောဆိုအံ့။
နော ဖရုသေန=ကြမ်းတမ်းသော စကားဖြင့် မပြောဆိုအံ့။
၎။ အတ္ထသံဟိတေန ၀က္ခာမိ=အကျီုးစီးပွားနှင့် ယှဉ်သည့်စကားဖြင့်သာပြောဆိုအံ့။
နော အနတ္ထသံဟိတေန=အကျိုးစီးပွားနှင့် မယှဉ်သည့်စကားဖြင့် မပြောဆိုအံ့။
၅။ မေတ္တစိတ္တော ၀က္ခာမိ= မေတ္တာစိတ်ရှိလျှက်ပြောဆိုအံ့။
နော ဒေါသန္တရော=ဒေါသစိတ်ဖြင့် မပြောဆိုအံ့။
ဤသို့လျှင်ထိုမှာဘက်ကမ်းသို့ရောက်အောင်ပို့ဆောင်တတ်သောဖောင်နှင့်သဘာဝချင်းတူညီသောတရားမှာ ရပ်တည်နေသောစိတ်ဓာတ်ဖြင့် သာသနာတော်မှာနေထိုင်ပါ။ (သံ၊ ဋ္ဌ၊ ၃၊ ၇၃/၇၄)။