တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

လုပ်ချင်ရာမလုပ်နှင့် ရှုပ်လိမ့်မည်

| |




                                        လုပ်ချင်ရာမလုပ်နှင့်  ရှုပ်လိမ့်မည်

လုပ်ချင်တိုင်းလည်း မလုပ်လေနှင့်
အလုပ်နောက် အရှုပ်ရောက်တတ်သည်။

မလုပ်ချင်ဘဲနှင့် မလုပ်လေနှင့်
အလုပ်နောက် အပုတ်ရောက်တတ်သည်။

မသိဘဲနှင့်လည်း မလုပ်လေနှင့်
အလုပ်နောက် အဟုတ်သောက်တတ်သည်။

အကြင်သူသည်ကား
လုပ်ချင်သည်ကိုလည်းကောင်း
မလုပ်ချင်သည်ကိုလည်းကောင်း
မသိသည်ကိုလည်းကောင်း
ပယ်စွန့်လျှက်
မိမိလုပ်ရမည့် ကိစ္စကိုသာ 
တစိုက် မတ်မတ် အားသွန်ယက်၍လုပ်တတ်ချေ၏။

ထိုသူသည်သာ
အကောင်း အဆိုး အကြောင်း အကျိုးတို့ကို
တိတိပပ တွေ့မြင်ရလျှက် လုပ်ရချေသောကြောင့်
အကောင်းဆုံးကို သုံးဆောင် ခံစားရချေ၏။

0 comments:

Post a Comment