တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

လာတုန်းမို့ လက်ခံ ပြန်လိုကပြန်ပါ

| |




လာတုန်းမို့ လက်ခံ ပြန်လိုကပြန်

ငါမရှိမဖြစ်
သင့်ကိုယ်သင် အထင်ကြီးခြင်းမျှသာ၊
သင်မရှိဘဲနှင့် ဖြစ်နေကြသူတွေ တစ်ပုံကြီး။

သူမရှိ မဖြစ်
သူ့အပေါ် သင် အထင်ကြီးနေခြင်းမျှသာ၊
သူမရှိဘဲနှင့် ဖြစ်နေကြသူတွေ မေးထိုးပြလို့ မကုန်။

သင်ရှိတုန်းမို့  လက်ခံနေသည်သာ။
သင် ပေး ကမ်းလို့  ယူငင် နေသည်သာ။

ယနေ့ -
သင် မရှိလျှင် ယနေ့ပင်
သူဟာနှင့်သူ ဖြစ်နေပေလိမ့်မည်။

ယနေ့ -
သင်သေ၍ သင် မရှိတော့ပါသဖြင့်
သင့်နောက်သို့ လိုက်သေမည့် မသာကား
တစ်လောင်းမျှ မရှိပါ။ 

0 comments:

Post a Comment