တစ်ရက်နီးလာပြီ--တစ်ယောက်တည်းသွားရမယ့်ဒီခရီး သင်သတိထားမိရဲ့လား? ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိနိုင်တဲ့ ဒီခရီးအတွက် အဆင်သင့်ဖြစ်ပြီလား? Learn To Die Well!

အလိုရှိသည့်အတိုင်း မရထိုက် မရကောင်းသော အရာ(၅)မျိုး

| |

            လောကမှာ လူတိုင်းလူတိုင်း ဘ၀ဆိုတာရရှိထားလေတော့ အိုခြင်း တစ်ထွေ နာခြင်း တစ်ဖြာ သေခြင်း တစ်မျိုး ကုန်ခြင်း 
ပျက်ခြင်း သည်စာရင်းက မလွတ်ကင်းနိုင်ကြပါဘူး၊ လူတိုင်းလူတိုင်းမှာ အခက်အခဲဆိုတာရှိနေကြပါတယ်၊       အကြီးမားဆုံသော 

      အခက်အခဲကတော့ သေခြင်းအခက်အခဲပါ၊ ဒါထက် ကြီးမားတဲ့အခက်အခဲဆိုတာ မရှိနိုင်တော့ပါဘူး။
    အဲဒီ အခက်အခဲရဲ့ကိုရင်မဆိုင်ခင် ရှေ့မှာလည်း အိုခြင်းအခက်အခဲဆိုတာက ရှိနေပြန်ရော သူလည်းဘဲ ရင်ဆိုင်ဖို့အတော်လေးကိုခက်ခဲပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူသားအချင်းချင်း ရုပ်ရည်အဆင်းခြင်း 
တစ်ဥိးနဲ့တစ်ဦး တူညီမှုမရှိကြပါဘူး၊   ရုပ်ရည်ခြင်း တူညီမှုမရှိကြပေမယ့် တူညီတဲ့ ဆန္ဒရှိတာခြင်းကတော့ 
တူညီနေကြပါတယ်၊       အဲဒါက ဘာလည်းဆိုတော့ လူတိုင်းလူတိုင်းရုပ်ရည်အဆင်း သိပ်လှချင်ကြတယ် 
မအိုချင်ကြပါဘူး၊ အသက်ကြီးသွားလို့သာ အားမတန်လို့မာန်လျော့လိုက်ရတာပါ၊ ဒါကိုဘဲအန်တုလို့ရသမျှတော့ အန်တုကြရသေးတာပဲ မဟုတ်လား? အသက်ကြီးလာလေ ဆံပင်က နက်ချင်လေ စသည်စသည်များစွာသော အန်တုခြင်းတွေရှိကြပါတယ်။
    ဒါကြောင့်လည်း ဘုရားရှင် ကိုယ်တော်မြတ်ကြီးက လောကမှာ အလိုရှိသည့် အတိုင်း မရထိုက် မရကောင်းသော
အရာ(၅)မျီုးရှိပါတယ် တဲ့ - - -
             ၁။ ဇရာ ဓမ္မံ မာဇီရိ = အိုတတ်သော သဘောတရားကို မအိုပါစေနှင့်ဟု
             ၂။ ဗျာဓိ ဓမ္မံ မာဗျာဓီယိ = နာတတ်သော သဘောတရားကို မနာပါစေနှင့်ဟု
             ၃။ မရဏ ဓမ္မံ မာဓီယိ   = သေတတ်သော သဘောတရားကို မသေပါစေနှင့်ဟု
             ၄။ ခယ ဓမ္မံ မာ ခီယိ    = ကုန်တတ်သော သဘောတရားကို မကုန်ပါစေနှင့်ဟု
             ၅။ နဿန ဓမ္မံ မာနဿီ = ပျက်တတ်သော သဘောတရားကို မပျက်ပါစေနှင့်ဟု 
      ရဟန်းဖြစ်စေ ပုဏ္ဏားဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သူမဆိုတောင့်တ၍ အလိုရှိသည့်အတိုင်းမရထိုက် မရကောင်းသော အရာတို့သည် ဤ ငါးပါးတို့တည်း။

0 comments:

Post a Comment